နို့ပေမယ့် (ကျုပ်အထင်) သင့်တော်တဲ့ Tag မျိုးဆိုရင်တော့ ပို့စ် တစ်ခုခုနဲ့ပဲဖြစ်ဖြစ် ၊ သီးသန့်ပဲ ဖြစ်ဖြစ် ရေးပေးပါတယ် ။ အခုလည်း
ဆြာဟန် က Tag လာတယ် ။ သူ Tag တဲ့အကြောင်း အရာက လည်း လိုအပ်တဲ့ ၊ ရေးသင့်တဲ့ အကြောင်း အရာလို့ထင်တယ် ။ နောက်တစ်ခုက
ဆြာဟန် ဆိုတာကလည်း ဒီ ဘကုန်း ကျေးရွာမှာ ကျွန်တော်လေးစား ချစ်ခင်ရတဲ့ ထဲကတစ်ယောက်ဆိုတော့ ကာ အပြန်အလှန် လေးစားသမှုနဲ့ အရေးတယူ တောင်းဆို တာကို ကျုပ်မငြင်းနိုင်ပါဘူး ။ ဘာလို့ အရေးတယူ တောင်းဆိုတယ်လို့ ပြောရသလဲ ဆိုရင် ခေတ်ကြောင့်ပဲ ။ လက်ရှိခေတ်မှာ ကျုပ်ရေးဖူးတဲ့ ကဗျာထဲက နိမိတ်ပုံ ပြန်သုံးရရင် ကျုပ်တို့က လူမုန်းအများဆုံး ပစ်ဖဲ ပဲ ။ တော်ယုံလူ ကိုင်ချင်စိတ်မရှိဘူး ။ အဟေးဟေး ။
ဒါဖြင့် ရေးသမျှ Tag တိုင်း ကျုပ်ကို Tag ကြစေချင်လို့ ပြောတာ မဟုတ်ပါဘူး ။ ကျုပ် Tag ပို့စ်တွေ မရေးချင်ပါဘူးလို့
ဒီပို့စ် မှာ အတိအလင်းပြောခဲ့ဖူးပါတယ် ။ အဲဒီနောက်လည်း မလွှဲမရှောင်သာမှပဲ ပြန်ရေးပေးတာပါ ။ ကျုပ်ကလည်း စိတ်မပါရင် ထမင်းတောင် ထချက်စားတဲ့ လူမဟုတ်ဘူး ။ ရေးတော့သာ ဟာသ ။ စကားပြောရင် အပေါက်အလမ်း သိပ်မတည့်ဘူး ။ ဂွတွေချည်းပြောတာ ။ Apprenticeship ကပြောဖူးတယ် “ နယ်သားကတော့ ပြောလိုက်ရင် ဒဲ့ပဲတဲ့ ” ကျုပ်သူငယ်ချင်း ကဗျာဆရာ ညိမ်းညို ကလည်းပြောဖူးတယ် “ ဆြာညိန်း ကတော့ ပွင့်ပွင့်လင်းလင်း ကြီးကိုပြောချတော့တာပဲ ” တဲ့ ။ ကျုပ်ကလည်း ပြောချင်စရာပါ ။စိတ်ထဲရှိရင် ရှိသလို မရှိလည်း မရှိသလို ပြောမိတတ်တာ ။ ဟန်မဆောင်တတ် ဘူးလို့တော့လည်း မပြောပါဘူး ။ မဆင်ခြင်တတ်တာပါ ။ ပြောချင်ရင် နည်းနည်းပဲ စဉ်းစားပြီး ဟောဟော ဒိုင်းဒိုင်းပြောချင်စိတ်က များနေတယ် ။ အင်းပေါ့လေ ကျုပ်က တောသား ကိုး ။ အဟေးဟေး

။
ကိုရင်ညိန်း ကျုပ်က တောသားဗျ ။ မွေးတာကတော့ မြို့တစ်မြို့မှာပေါ့ ။ ၁နှစ်ကျော် လောက်မှာ ပြည်မြို့နားက ဆင်တဲ ကိုပြောင်းတယ် ။ ဒါလည်းတောပဲ ။ ဆင်တဲ လို့ပြောရင် သိပ်မသိမှာ စိုးတာရယ် ။ ဆရာချောတို့ ဆရာခင်ဝမ်း တို့ ကို အတင်းအားကျပြီး ယဉ်ကျေးမှုမြှင့်ချင်တာနဲ့ Profile မှာ
ခေတ္တရာ လို့ရေးထားတာ ။ ကျုပ်က တောသားဆိုတော့ စကားပြောရင် ဂွကျတတ်တာရော ၊ ၀ါသနာအရရေးနေတာဆိုတော့ အမှားအယွင်း မကင်းတာရော ၊ ကျုပ်တို့လို ပစ်ဖဲ တွေကို ဆေးဖော်ကြောဖက် မလုပ်ချင်ကြတဲ့ လူတွေအတွက်ရော ပေါင်းပြီး
လွတ်လပ်စွာကွဲလွဲ ပိုင်ခွင့်ရှိသည် လို့ရေးပေးထားတယ် ။
နေတာက တော ။ ဆွေမျိုးတွေဆီ အလည်သွားတော့လည်း တောပဲ ။ ကျုပ်အဖေကလည်း တောသားပဲ ။ အမေကတော့ မြို့သူ ။ ဒါပေမယ့် အမေ့ဇာတိက အရမ်းဝေးတော့ ခုထိ တစ်ခေါက်မှ မရောက်ဖူးဘူး ။ မိသားစုမှာလည်း အမေ့ဇာတိကို မရောက်ဖူးတာ ကျုပ်တစ်ယောက်ပဲရှိတယ် ။ အဲဒီတော့ တော ကပဲကျုပ်ကို လွှမ်းမိုးမှုများတယ် လို့ပဲပြောရမှာပေါ့ ။ တတောတော နဲ့ပြောနေတော့ ကျုပ်ကြွားရေးနေတယ် ထင်မယ် ။ ဒီလိုမဟုတ်ပါဘူး ကိုရင်ညိန်း ဆိုတဲ့ ကလောင်ဖြစ်လာတာကို ပြောချင်လို့ အစချီနေတာပါ ။
တောသားဖြစ်တာ ကြွားစရာလား ဆိုတော့ တစ်ချို့တွေက တောသားဖြစ်တာကို ဂုဏ်ယူဝံ့ကြွား ကြွားတတ်ကြပါတယ် ။ ကျုပ် ၇တန်း ၈ တန်းလောက်က စပြီး
“ သောင်းပြောင်းထွေလာရယ်စရာ” မဂ္ဂဇင်းကို မပြတ်တမ်းဖတ်တယ် ။ တခြား မဂ္ဂဇင်းတွေထက် အငမ်းမရပေါ့ ။ အဲဒီတုန်းက ဆရာကောက်နွယ်ကနောင် က တာဝန်ခံအယ်ဒီတာ ။ နောက်ပြီး အဲဒီမှာက ကလောင်သစ်တွေကို အတော်လေး နေရာပေးလေတော့ အရမ်းရေးချင်တယ်

။ ဒီလိုနဲ့ပဲ ဒီမလာခင် ၂၀၀၇ ထဲမှာ စရေးဖြစ်တယ် ။ ကြားထဲမှာတော့ ၁၀နှစ်လောက် ကွာတာပေါ့ ။ အဲဒီတုန်းက ရယ်စရာရည်းစားစာ (အဖုံးဖွင့်လိုက်ပါ မိသီတာ) ရေးမိတော့ ပို့မယ်ဆိုပြီး ကလောင်ရွေးလိုက်တာ ။
တောသားဆိုတော့ တောမှာ ဟိုအရင်က ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကိုရင် ဆိုတာကိုယူတယ် ။ နောက်ပြီး ရယ်စရာ လေးတွေဖတ်ပြီး ငြိမ်းချမ်း ကြပါစေဆိုတဲ့ အဓိပ္ပါယ်နဲ့ ကိုရင်+ညိန်း လို့ ယူလိုက်တာ ။ ငြိမ်း ကို ညိန်း လို့ယူတာက သူများမသုံးသေးတဲ့ စာလုံးပေါင်းမို့ပါ ။ နောက်တစ်ခုက အဲဒီအချိန် ရယ်စရာမဂ္ဂဇင်းမှာ ဆရာ ကိုရင်နှောင်း ကလည်း “ရပ်ဓလေ့ရွာဓလေ့” ဆိုပြီး ရေးနေပါတယ် ။ အဲဒီ ကလောင်ကို နည်းနည်း သဘောကျမိတာလည်း ပါတာပေါ့ ။
၁နှစ်ပြည့်ပို့စ် မှာလည်း ကျုပ်ရေးဖူးပါတယ် ။ နောက်ပြီး အဲဒီတုန်းက ကျုပ်စာမူလေး အရွေးခံရလေတော့ ကိုရင်ညိန်း ကိုပဲဆက်ပြီးဖက်တွယ်ထားမိတာပေါ့ ။ ဒီလိုနဲ့ပဲ ဘလော့ဂ္ဂင်းတဲ့ အခါလည်း ကိုရင်ညိန်း ပဲဖြစ်လာတာပါ ။
www.koyinnyein.blogspot.comဒီဘလော့ ဖြစ်လာပုံကို
တစ်နှစ်ပြည့်ပို့စ် မှာ ရေးထားပါတယ် ။ ဘလော့ဖြစ်အောင် ကူညီပေးခဲ့တဲ့သူတွေကတော့ ညီငယ် (KLA) ၊
တင့်ထူးရွှေ ၊ BlackDream ၊ မင်းကျန်စစ် တို့ပါပဲ ။ တစ်လောကတင်
သံလုံငယ် ကပါ ကူညီအားဖြည့်ပေးခဲ့ပါသေးတယ် ။ အဟေးဟေး ။ ကျုပ်က စာရေးတာကလွဲပြီး ဘာမှသိတာမဟုတ်ဘူး ။ ဘာလေးလုပ်ချင်တယ် ဆို အကုန် သူတို့ဆီပဲ အပူကပ်ခဲ့တာ ။
တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်ပါတယ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း ရဲ့ ဆောင်ပုဒ်က
တစ်နေ့တစ်ခါ ရယ်ကြပါမူ ရောဂါကင်းပ ချမ်းသာရလိမ့် ပါ ။ ကျုပ်ရေးတဲ့ ရယ်စရာတွေအပေါ် အဲဒီ မဂ္ဂဇင်းက အများကြီး လွှမ်းမိုးခဲ့တာဖြစ်လို့ ကျုပ်ဘလော့ဂ် ရဲ့
တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်ပါတယ် ဆိုတဲ့စကားလေးကလည်း ရယ်စရာ မဂ္ဂဇင်းကို မှီးပြီးပေါ်လာတာပါ ။ ကဲ .. ဒီလောက်ပါပဲဗျာ ။ အဆင်ပြေပျော်ရွှင်ကြပါစေ ။ အဟေးဟေး

။
မှတ်ချက် ။ (ကို) ဟန်သစ်ငြိမ် Tag လို့ရေးပေးတာဖြစ်ပါတယ် ။ လွတ်လပ်စွာကွဲလွဲ နိုင်ပါတယ် ။